ဟိုပုံး ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးပွဲနှင့် ဆိုင်ကယ်စီးဦးထုပ် လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၁၈)ယာဉ် ထိန်းဒုတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးအောင်နိုင်မိုးမှက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ယာဉ်အန္တရာယ်များကိုလည်းကောင်း၊ ဆိုင်ကယ်စီးရာတွင် ဆိုင်ကယ်ဦးထုပ်များကို စနစ်တကျဆောင်းကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊ ဟိုပုံးမြို့မရဲစခန်းမှ ရဲအုပ်ကျော်နိုင်ဦး၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးညီညီတင်၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမောင်မာင်မြင့်၊ အမှတ်(၁၈)ယာဉ်ထိန်း ဒုတပ် ဖွဲ့မှူးရုံးမှ ဒုရဲမှူးအောင်နိုင်မိုး၊ ဒုရဲမှူးကျော်သန်း၊ ဟိုပုံးမြို့မစခန်းမှူး ဒုရဲမှူးကိုဦးတို့က ပြည်သူများကို ဆိုင်ကယ်စီးဦးထုပ်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
နေမင်းထွန်း(ပြန်/ဆက်)