စစ်ကိုင်းမြို့တွင် (ဂျပန်ဘာသာစကား)ပြော သင်တန်းဖွင့်လှစ်

စစ်ကိုင်း ဖေဖော်ဝါရီ ၁

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဌာန ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ရန်အတွက် ဂျပန်နိုင်ငံသို့ လုပ်သား (၁၀၀၀) စေလွှတ်မည့် အစီအစဉ်အတွက် ဂျပန်ဘာသာစကားပြော သင်တန်းဖွင့်ပွဲကို ဖေဖော် ဝါရီ(၁)ရက်၊ နံနက်(၁၀)နာရီအချိန်က စစ်ကိုင်းမြို့ ရွှေသမားဘုန်တော်ကြီးသင် ပညာရေး ကျောင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက အဖွင့် အမှာစကားပြောကြားရာ သင်တန်းသား/ သင်တန်းသူများ အနေဖြင့် အလုပ်အကိုင်ရရှိနိုင်ရေး အတွက် သင်တန်းက သင်ကြားပေးမည့် ပညာရပ်များကို စိတ်ဝင်စားစွာ သင်ယူသွားကြ စေလိုပြီး အာဂုဏ်ဆောင် အလွတ်ကျတ်မှတ်ရတာမျိုးမဟုတ်ဘဲ နေ့စဉ်ထိတွေ့ ဆက်ဆံပြောဆို နေလျှင် အလျင်အမြန်တတ်မြောက်လာမှာဖြစ်ကြောင်း ဒီလိုအခွင့်အရေးမျိုးကို လူငယ်များ အနေဖြင့် လက်လွတ်မခံဘဲ ကြိုးစားသင်ယူကြစေလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

 

" အခြေခံ ဂျပန်ဘာသာစကားကို စတင်သင်ကြားသွားမှာပါ စနေ၊ တနင်္ဂနွေရယ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေကို သင်ကြားသွားမယ် အင်္ဂါနဲ့ကြာသပတေး နားမယ် စနေ၊ တနင်္ဂနွေ ကိုတော့ နံနက်(၉)နာရီကနေ (၁၂)နာရီအထိ သင်ကြားသွားမယ် ကျန်တဲ့ရက်ကိုတော့ နံနက်(၁၀)နာရီ ကနေ(၁၂)နာရီအထိ သင်ကြားပေးမှာပါ Level တစ်ခုကို (၃)လပြတ် သင်ကြားသွားမှာဖြစ်ပြီး တစ်လလျှင်ကျပ် (၃၀၀၀၀) သောင်းဖြစ်သည့်အတွက် တစ်ဦးလျှင် ကျပ် (၉၀၀၀၀) သောင်း ပေးသွင်းသွားရမှာပါ "ဟု ဦးလှဟန်မြင့်က ပြောပြ၍သိရသည်။

 

အဆိုပါ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းနှင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်