ရေဦး ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၈ နာရီက ဓမ္မစကူးလ် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဓမ္မစကူးလ် ဖောင်ဒေးရှင်းဒုဥက္ကဋ္ဌ ဆရာတော် ဦးဝေပုလ္လာစာရ၊ အတွင်းရေးမှူး ဆရာတော် ဒေါက်တာဉာဏဝံသ အမှူးပြုသော ဆရာတော်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွေး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းခိုင် မြို့နယ်ပညာရေးမှူး ဦးမြင့်ဆွေ၊ ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးဇော်မင်းထွန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ခင်နှင့် ကျောင်းသားမိဘများ၊ နိဗ္ဗာန်ဈေးသည်များ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ကြပြီး ဧည့်ပရိတ်သတ်များက ဆရာတော် ဦးဝေပုလ္လာစာရထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ဩဝါဒတရား နာယူခဲ့သည်။
ယင်းနောက် ဓမ္မစကူးဖောင်ဒေးရှင်း အတွင်းရေးမှူးဆရာတော် ဒေါက်တာအရှင်ဉာဏဝံသက အားပေးစကားများ မိန့်ကြားခဲ့သည်။ ဆက်လက်ပြီး အ-ထ-က(၁) ကျောင်းအုပ် ဆရာမကြီး ဒေါ်မို့မို့ခင်က ကျေးဇူးတင်စကားများ လျှောက်ထားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွေးနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြ ဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ကာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းခိုင်၊ ပညာရေးမှူး ဦးမြင့်ဆွေတို့က အပတ်စဉ် ဓမ္မစကူးလ်သင်တန်း ကျောင်းတက်မှန်ဆုရ ကျောင်းသာများအား လည်းကောင်း ဆုတံဆိပ်များ ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။
သန်းသန်း (ရေဦး)