ဘုတလင် ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ငပယင်းစံပြကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မီးသတ်စခန်း အဆောက်အဦ ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ငပယင်းကျေးရွာ၊ မီးသတ်စခန်းသည် အလျား(၅၀)ပေ၊ အနံ(၄၀)ပေ၊ အမြင့်(၃၅)ပေရှိ သံကူ ကွန်ကရစ် သုံးထပ်အဆောက်အဦ ဖြစ်ရာ အဆောက်အဦး၏ မြေညီထပ်တွင် မီးသတ်စခန်း၊ ပထမထပ်နှင့် ဒုတိယထပ်တွင် ဝန်ထမ်းများအတွက် အခန်းများ ပါဝင်မည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အနောက်မြောက်မြို့တော်ကုမ္ပဏီက တာဝန်ယူဆောက်လုပ်လျက်ရှိ သည်။
အဆိုပါ မီးသတ်စခန်း ဆောက်လုပ်နေမှုအား စံချိန်စံညွှန်း ပြည့်မီရေးအတွက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဇော်ဌေးတို့က ကွင်းဆင်းကြီးကြပ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)