တာမိုးညဲမြို့၌ သက်ကြီးရွယ်အို စုစုပေါင်း(၃၆၈)ဦးကို လှူဖွယ်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

တာမိုးညဲ ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် နေထိုင်ကြသည့် အသက်(၇၅)နှစ် အထက်ရှိ သက်ကြီးရွယ်အို စုစုပေါင်း (၃၆၈) ဦးကို ကွတ်ခိုင်မြို့၊ အမှတ်(၂)မဲဆန္ဒနယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ယမန်နေ့ နံနက်(၁၀)နာရီတွင် လှူဖွယ်ပစ္စည်းများ ထောက်ပံ့ လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး သက်ကြီးရွယ်အိုများကို တာမိုးညဲမြို့၊ ရပ်ကွက်(၈)တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှတစ်ဆင့် စုဝေး၍ လှူဒါန်းပစ္စည်းများ ပေးအပ်လှူဒါန်းပြီး လာရောက်နိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက အိမ်တိုင်ရာအရောက် ပေးအပ်လှူဒါန်းခဲ့သည်။

သက်ကြီးရွယ်အိုများ ကျန်းမာသန်စွမ်းမှုရှိစေရန်နှင့် ကောင်းမှုကုသိုလ်ရရှိရန်အတွက်  မုန့်၊ အိုဗာတင်း၊ နို့ဆီဗူး၊ ကွေကာထုတ်၊ ပဲနို့နှင့် အခြားလှူဖွယ် ပစ္စည်းများကို လှူဒါန်းပြီး တာမိုးညဲမြို့ရှိ သက်ကြီးရွယ်အိုများကို နှစ်စဉ် လှူဖွယ်ပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)