တာမိုးညဲ ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် နေထိုင်ကြသည့် အသက်(၇၅)နှစ်အထက်ရှိ သက်ကြီးရွယ်အို စုစုပေါင်း(၃၆၈)ဦးကို ကွတ်ခိုင်မြို့၊ အမှတ်(၂)မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ယနေ့ နံနက်(၁၀)နာရီအချိန်က အစားအစာနှင့် အခြားလိုအပ်သည်များ ထောက်ပံ့လှူဒါန်းသည်။
ဆက်လက်ပြီး သက်ကြီးရွယ်အိုများကို တာမိုးညဲမြို့၊ ရပ်ကွက်(၈)တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူများမှ တစ်ဆင့် စုဝေး၍ ပစ္စည်းများ ပေးအပ်လှူဒါန်းပြီး လာရောက်နိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် ပေးအပ်လှူဒါန်းသည်။
သက်ကြီးရွယ်အိုများ ကျန်းမာသန်စွမ်းမှုရှိစေရန်နှင့် ကောင်းမှုကုသိုလ်ရရှိရန်အတွက် စုစုပေါင်းတန်ဖိုး(၆၅)သိန်း ကျော်ရှိ မုန့်၊ အိုဗာတင်း၊ နို့ဆီဘူး၊ ကွေကာထုတ်၊ ပဲနို့နှင့် အခြားလှူဖွယ်ပစ္စည်းများကို လှူဒါန်းပြီး တာမိုးညဲမြို့ရှိ သက်ကြီးရွယ်အိုများကို နှစ်စဉ်လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)