ဖလမ်း ဖေဖော်ဝါရီ ၂၄
ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များ လျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ပြုလုပ် သည်။
ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ဗဟို)မှ ဒေါ်စမ်းစမ်းယုတို့က အမှာစကား ပြောကြားကြသည်။ ထို့နောက် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ဗဟို) အထွေထွေအတွင်းရေးမှူး ဒေါက်တာမြသီတာက မျိုးဆက်ပွားကျန်းမာရေး အကြောင်းကို လည်းကောင်း၊ ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီး သားဖွားမီးယပ်အထူးကု လက်ထောက်ဆရာဝန် ဒေါက်တာအေးခိုင်စိုးက သားဆက်ခြားနည်းလမ်း အကြောင်းကို လည်းကောင်း၊ မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ဗဟို) တွဲဖက်အတွင်းရေးမှူး ဒေါက်တာ ပြုံးမိုအိက အရေးပေါ် သားဆက်ခြားနည်းလမ်းများကို လည်းကောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များ၊ မရှင်းလင်းသည့်အချက်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး၊ Dingdi Dream Organization နာယက ဒေါက်တာ အန်နာရွှေလွှမ်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
ဂျွန် ( ပြန်/ဆက် )