ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP မိတ်ဆက်ခြင်းနှင့် ဦးစားပေး လုပ်ဆောင်ရမည့်လုပ်ငန်းအတွက် ဆွေးနွေးပွဲကျင်းပ

ဝက်လက်  ဖေဖေါ်ဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း၊ တမာကန် ကျေးရွာအတွက်ရရှိမည့် ကျေးရွာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း (၁၀၀) အတွက် DVP မိတ်ဆက်ပေးခြင်းနှင့် ကျေးရွာအတွက် အဓိကလိုအပ်ချက်ကို ဦးစားပေး ရွေးချယ်တတ်စေရန်အတွက် ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က ရွာလယ် ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာတွင် ရှေးဦးစွာ ဝက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်လွင်ဦးက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း VDP မိတ်ဆက် ရှင်းလင်းပြီးနောက် မီမိတို့ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အဓိက လိုအပ်အပ်သော လုပ်ငန်းကို မှန်ကန်စွာ ရွေးချယ်တတ်စေရန်အတွက် ကျေးရွာသူ/ ကျေးရွာ သား အချင်းချင်း အုပ်စုဖွဲ့ကာ ရွေးချယ်စေသည်။

အဆိုပါ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဝက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင်ဦးနှင့် ဝန်းထမ်းများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စိုးစိုးလှိုင် (ဝက်လက်)