ခင်ဦးမြို့မဈေးအတွင်း ငါးကြီးခြောက်သားများ စစ်ဆေး

ခင်ဦး  ဖေဖော်ဝါရီ  ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးတင်မှ ငါးကြီးခြောက်သားများ ဝယ်ယူလာရာ ငါးကြီးခြောက်သားများမှာ ပုံမှန်ငါးကြီးခြောက်သားများနှင့်မတူဘဲ ထူးခြားနေသဖြင့် မြို့နယ်သို့အကြောင်းကြားခဲ့ရာ မြို့နယ်မှတာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီက မြို့မဈေးအတွင်းရှိ ငါးကြီးခြောက်အရောင်းဆိုင်များကို ရှောင်တခင်စစ်ဆေးခဲ့သည်။

အဆိုပါစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဦးဌေးတင့်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ထွန်း၊ မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီတို့က ရှောင်တခင်စစ်ဆေးခဲ့သည်။ ထို့နောက် ငါးကြီးခြောက်အရောင်းဆိုင်များမှ အသားများကို နမူနာယူပြီး မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီက ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)