ရေဦး၊ ဖေဖော်ဝါရီ ၂၃
ရေဦးမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာအောင်ကျော်နိုင်ဦးဆောင်လျက် 2019 Novel Coronavirus Virus ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီက လက်ပံကွက်ကျေးရွာ စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဒေါက်တာအောင်ကျော်နိုင်က 2019 Novel Coronavirus Virus ရောဂါလက္ခာဏာများနှင့် ရောဂါမကူးစက်စေရန်အတွက် ဆောင်ရန် ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျန်းမာရေးဌာန ၀န်ထမ်းများက( Mask ) များကိုအခမဲ့ပေးဝေခဲ့ကြောင်းသိရသည်။
သန်းသန်း ( ရေဦး )