ကသာ ဖေဖော်ဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ မောင်ကျေးဇူး၏ “ဘဝနေတတ်မှုအနုပညာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။
ရှေးဦးစွာ ကသာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ခြင်းမှ ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ရည်ရွယ်များနှင့် စာအုပ်ပါအကြောင်းအရာများကို မိတ်ဆက်ပြောကြားသည်။ ယင်းနောက် ဦးထွန်းဝင်း၊ ဦးစမ်းဦး၊ ဒေါ်မာမာဝင်း၊ ဒေါ်အေးအေးတင့်နှင့် ဒေါ်မေကြည်သင်းတို့က စာရေးဆရာမောင်ကျေးဇူး၏ “ဘဝနေတတ်မှုအနုပညာ” စာအုပ်ပါအကြောင်းအရာများကို မိမိတို့၏ အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများက မိမိတို့၏အတွေ့အကြုံများကို ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူ (၂၅) ဦး တက်ရောက်ကြောင်း သိရသည်။
ရဲအောင်(ကသာ)