ချောင်းဦးမြို့နယ် ဘူတာကျေးရွာတွင် ကျေးရွာငွေတိုက်ထူထောင်ရေး ပညာပေး‌ဆွေးနွေးပွဲကျင်းပ

ချောင်းဦး ဖေဖော်ဝါရီ  ၂၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ဘူတာကျေးရွာတွင် ကျေးရွာသူ/သားများ ဆင်းရဲမှုလျှော့ချရေး ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာငွေတိုက်ထူထောင်ရေး ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်  ၉   နာရီက ဘူတာ ကျေးရွာဘက်စုံသုံးခန်းမတွင် ပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

 အဆိုပါပညာပေးဆွေးနွေးပွဲတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး က  အမှာစကားပြောကြားခဲ့သည်။

ထို့နောက်   စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း (စိုက်ပျိုးရေးဦးစီးဌာန) မှ ဦးထွန်းပေါ က  ငွေချေးခြင်းနည်းလမ်းနှင့် ငွေချေးခြင်းလုပ်ငန်းတွင် သတိပြုဆောင်ရွက်ရမည့် အချက်များနှင့်အကျိုးကျေးဇူးများကို ဆွေးနွေး‌ ပြောကြားပြီး ကျေးရွာသစ်ငွေတိုက် ကော်မတီ (SMGC)   အဖွဲ့မှ တာဝန်ရှိသူများက စာရင်းဇယားများ စနစ်တကျပြုလုပ်ထားရှိရေးနှင့် ကျေးရွာငွေတိုက် ရေရှည်တည်တံ့ခိုင်မြဲစေမည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်။

ပညာပေးဆွေးနွေးပွဲသို့   စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း (စိုက်ပျိုးရေးဦးစီးဌာန)မှ ဦးထွန်းပေါ၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး၊ ကျေးရွာတာဝန်ခံ လ/ထဦးစီးမှူး ဦးအောင်ဆွေဦးနှင့် ကျေးရွာသစ်လှုပ်ရှားမှ ကော်မတီ(SMUC) ကျေးရွာသစ် ငွေတိုက်  ကော်မတီ (SMGC)မှ အဖွဲ့ဝင်များနှင့် ဘူတာကျေးရွာရှိ ကျေးရွာသူ/သားများတက်ရောက်ခဲ့‌ကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)