မံစီ ဇန်နဝါရီ ၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ လုပ်ငန်းစီမံကိန်းများအဆိုပြု လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကိုကို၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးချင်းဖေလင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်တို့က အမှာစကားများ ပြောကြားခဲ့သည်။ မြို့နယ်စီမံကိန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြင့်စိုးက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ လုပ်ငန်းစီမံကိန်း များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီးနောက် တက်ရောက်လာသူများနှင့် အပြန်အလှန်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရိန် (ပြန်/ဆက် )