မိုင်းပျဉ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တင်ဒါလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး

မိုင်းပျဉ်း  ဇန်နဝါရီ  ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တင်ဒါလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်၉ နာရီခွဲက အဆိုပါရုံးတွင် ကျင်းပသည်။

ရှေးဦးစွာ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအာကာတင်ဦးတို့က အမှာစကားပြောကြားပြီး  မြို့နယ်ကျေးလက်ဦးစီးဌာနမှူး ဦးစိုင်းအောင်ခမ်းက တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် သက်ဆိုင်ရာ ကျေးရွာသူ/ကျေးရွာသားများကို မိတ်ဆက်ပေးကာ တင်ဒါလုပ်ငန်းများဖြစ်သည့် ကျေးလက်ရေပေးရေးလုပ်ငန်း(၇)ခု၊ ကျေးလက်ကုန်ထုတ်လုပ်ငန်း(၁)ခု တို့နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွာသူ/ရွာသားများက လုပ်ငန်းများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မေမွန်ထွဋ် (ပြန်/ဆက်)