ရွှေဘို ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့အမှတ် ၃ ရပ်ကွက်ရှိ ရန်ကြီးအောင် မိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့ ညနေ ၆ နာရီအချိန်က ရွှေဘိုမြို့နယ် စာရေးဆရာအသင်းနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပူးပေါင်းကျင်းပသည့် စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ရေးသူဖတ်သူ ဆွေးနွေးပွဲစကားဝိုင်းကို ကျင်းပခဲ့သည်။
ရှေးဦးစွာ နိုင်ငံကျော်စာရေးဆရာ ဒေါက်တာလင်းသိုက်ညွန့်က မေတ္တာ၏ အားသာချက်ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ထို့နောက် စာရေးဆရာဦးကျော်ကျော်လှိုင်က တန်ဖိုးရှိသောဘဝ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဆက်လက်ပြီး ရေးသူ ဖတ်သူဆွေးနွေးပွဲ စကာဝိုင်းကို ဆက်လက်ကျင်းပရာ စာရေးဆရာမ၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဆွေဇင်ထိုက်မှ ဦးဆောင်ပြီး စာရေးဆရာ ဇင်ဖြိုးပိုင်၊ ရွှေဘိုမြို့မှ စာရေးဆရာ ဒေါက်တာတင်ဝင်းနှင့် စာရေးဆရာ မြတ်သာထွန်း (ရွှေစံပြ) တို့နှင့် လူတော်၊ လူကောင်းခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ စာပေဝါသနာရှင် ၃၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(ရွှေဘို)