ဒဂုံမြောက် နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မီးသတ်ဦးစီးမှူးရုံး ခန်းမတွင် ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ လူမှုကူညီအသင်းအဖွဲ့များ ပူးပေါင်း၍ အဆင့်မြင့်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုမှ သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုကြီးမှ အဆင့်မြင့်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးမှ အလှူရှင်များ လှူဒါန်းသော အလှူငွေများကို လက်ခံပြီး တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးနှင့် ဒဂုံမြို့သစ်ခရိုင်စီမံဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးအောင်ကို၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒဂုံမြို့သစ်ခရိုင် မြို့နယ်(၄)မြို့နယ်မှ မြို့နယ်စီမံဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးမှူးများနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမူကူညီအသင်းအဖွဲ့ဝင်များ သင်တန်းသား(၅၀)ဦး၊ သင်တန်းနည်းပြ(၂၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို နိုဝင်ဘာ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။
မြင့်မြင့်ရီ