ကော့ကရိတ် ဇန်နဝါရီ ၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၉_၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး နိုင်နိုင်ထွန်း၊ ခရိုင်ပညာရေးမှူး ဦးကျော်ကျော်ဇံ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ညိုညိုမေတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်၍ သီရိရတနာခန်းမတွင် ကျောင်းသူ၊ ကျောင်းသားများမှ စုံညီပွဲတော်တို့ နွှဲပျော် သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းမှ အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဇံမှ ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ညိုညိုမေမှ ပညာရေးစနစ်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ထိုနောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ဘာသာရပ်အလိုက် ထူးချွန်ဆုများ၊ ဘက်စုံထူးချွန်ဆုများ၊ ပညာရပ်ဆိုင်ရာထူးချွန်ဆု ရရှိကြသည့် ကျောင်းသူ၊ ကျောင်းသားများကို သက်ဆိုင်ရာလူကြီးများမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ ကျောင်းသူ၊ ကျောင်းသားများမှ တေးသရုပ်ဖော်အကများ၊ ဖျော်ဖြေရေး အစီအစဉ်များ ဆက်လက်ဖျော်ဖြေဆောင်ရွက်သွားကြောင်း သိရှိရသည်။
ခင်မျိုးဝင်း(ကော့ကရိတ် ပြန်/ဆက်)