သီပေါ ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နန်းက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်နှင်းယဉ်ဝင်းက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရေးနှင့်ပတ်သက်သော အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ သီပေါမြို့နယ်အတွင်းရှိ ကျေးရွာများမှဒေသခံပြည်သူများ၊ ကျေးရွာစာရေးများ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှ ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၁ ရက်နေ့ အထိ (၄)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ-ပြန်/ဆက်)