ကာလိမြို့၌ ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ကွင်းဆင်း ဆောင်ရွက်

ကာလိ ဇန်နဝါရီ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့အတွင်း ပြည်ထောင်စုလမ်းမကြီး၌  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းကို ယနေ့တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုသည် ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်စော၊ ကွန်ဟိန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနေလင်းအောင် ၊ ကာလိနယ်မြေစခန်းမှူး ရဲအုပ်လှဟန်နှင့်အဖွဲ့များ၊ ကာလိမြို့ အုပ်ချုပ်ရေးမှူးဦးရဲမင်းထွန်း နှင့်တာဝန်ရှိသူများ၊  ကာလိနယ်မြေမှူး စဝ်ဆိုင်ခေးနှင့် အဖွဲ့ဝင်များက ဆိုင်ကယ်ဦးထုပ်ဆောင်းကြရန်၊ ယာဉ်မောင်းလိုင်စင်များပြုလုပ်ကြရန်နှင့် ယာဉ်တိုက်မှု အန္တရာယ် လျှော့နည်း ကျဆင်းစေရန် ရည်ရွယ်၍ ကာလိမြို့ဝင်/ထွက်သွားလာနေသူများအား အသိပညာပေး ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ဝင်းကျော်(ပြန်/ဆက်)