တွန်းဇံ ဇန်နဝါရီ ၉
ဆိုလာမီးဖွင့်ပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို တွန်းဇံမြို့ ပြည်သူ့ ဆေးရုံခန်းမတွင် ယနေ့ မွန်းလွဲ(၂)နာရီတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ် အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းစိုးနှင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထန်ရှန်းခိုင်တို့က ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်။ ဆက်လက်၍ မြို့နယ် ကျန်းမာရေး မိသားစုများနှင့် မြို့နယ်ကျန်းမာရေး ကော်မတီဝင်များက အလှူရှင်များအား ဂုဏ်ပြု လက်မှတ်များ နှင့် ရိုးရာအဝတ်အထည်များကို ပြန်လည်ပေးအပ်ခဲ့ကြသည်။ ထို့နောက် အလှူရှင်များကိုယ်စား အဖွဲ့ခေါင်းဆောင် ဂျာမဏီနိုင်ငံသား မစ္စတာဟန်က ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ရေရှည် အသုံးပြုနိုင်ရေးအတွက် လမ်းညွှန်စကား ပြန်လည် ပြောကြားခဲ့သည်။ Global Chin Chrstiam Federation(GCCF)မှ ဒေါက်တာလှအောင် ဦးဆောင်မှုဖြင့် ဂျာမဏီနိုင်ငံ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်း တစ်ခုဖြစ်သော Schoefung Bewahrn Konkretမှ တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံ (၂၄)နာရီ မီးလင်းနိုင်ရေးအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများနှင့် Ultra Sound စက်တစ်လုံးတို့ကို လာရောက် လှူဒါန်း တပ်ဆင် ပေးခဲ့ကြောင်းသိရသည်။
ဝေဖြိုး(ဇလပ်မြေ)