သံဖြူဇရပ်မြို့နယ် အ.လ.က (​ကြာကန်) ​ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

သံဖြူဇရပ် ဇန်နဝါရီ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်​ရေးအဖြစ် ဗလငါးတန်ဖွံ့ဖြိုး​စေရေး အသိပညာ​ပေး​ဟော​ပြောခြင်း၊ နံရံကပ်စာ​စောင်နှင့်စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အ.လ.က (​ကြာကန်) ​ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်​ရေးအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ​ဒေါ်​အေး​အေးသီက ​ကျောင်းသား၊ ကျောင်းသူ‌များ ​ကျောင်းစာကိုကြိုးစားသင်ယူရင်း အားလပ်ချိန်၌ အကျိုးရှိစွာအသုံးချတတ်​စေ​ရန် ​ကျောင်းစာကြည့်တိုက်တွင် ဗဟုသုတတိုးပွားရေး ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြ​စေရေးနှင့် စာဖတ်ခြင်း၏အကျိုး​ကျေးဇူးကို အသိ​ပညာ​ပေးဟော‌ပြောပြီး၊​ ကျောင်းအုပ်ဆရာမကြီးက​ ကျေးဇူးတင်စကား ​ပြန်လည်ပြောကြားသည်။

ထို့​နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံက​လေးအလုပ်သမားပ​ပျောက်​ရေးဆိုင်ရာ အ​ကြောင်းအရာများ၊ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ သိ​ကောင်းစရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဥ်အန္တရာယ်ကင်းရှင်း​ရေးဆိုင်ရာ အသိပညာ​ပေးနံရံကပ်စာ​စောင်နှင့် ဗဟုသုတရရှိ​စေမည့် စာအုပ်များကို ခင်းကျင်းပြသထားရာ ​ကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှု​လေ့လာခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)