မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာ၊ ကျိုက်တမော့လဲ့ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)၏ ထင်ရှားသည့် နှစ်သစ်ကူးသင်္ကြန်ကာလ ဧည့်သည်ခေါ်ဘုရားပွဲတော်များ ကျင်းပနေမှုအား ကြည့်ရှုအားပေး
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာရှိ ကျိုက်တမော့လဲစေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ပြီး စေတီတော်မြတ်ကြီး လုံတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြရာ ဂေါပကအဖွဲ့ဝင်များကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။