မရမ်းကုန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မရမ်းကုန်း ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအစည်းအဝေးခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားချက်များကို ပြန်လည်ရှင်းလင်းပြောကြားခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဖြိုးအောင်ဟိန်းမှ လုံခြုံရေးမပေါ့ဆရန်နှင့် မိမိတို့၏ရုံးများတွင် လုံခြုံရေးများ အထူးဂရုပြုရန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကြည်ဝင်းမှ မြို့နယ်အတွင်းလိုအပ်သည်များရှိပါက ဆွေးနွေးပြောကြားရန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) လဝကခရိုင်ဦးစီးမှူး ဒေါ်အေးခိုင်အုန်းမှ ဆက်လက်ဆောင်ရွက်မည့် ပန်းခင်းစီမံချက်များအား ဆွေးနွေးပြောကြားခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အတွင်းရေးမှူး ယာယီဒုတိယရဲမှူးကြီးမောင်ဌေးမှ လိုအပ်သည်များ ဆက်လက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ မိမိတို့ဌာနအလိုက်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သက်ခိုင်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဝေယံ(မြို့နယ် ပြန်/ဆက်)