မိုးကောင်း ဖေဖော်ဝါရီ ၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ (Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၁၀)နာရီတွင် ကျင်းပခဲ့သည်။
စာစီစာကုံးပြိုင်ပွဲကို " ပြည်ထောင်စုနေ့ တို့မမေ့"ခေါင်းစဉ်ဖြင့် Grade-10 မှ ကျောင်းသား (၅)ဦး၊ ကျောင်းသူ (၁၁)ဦး ဖြေဆိုယှဉ်ပြိုင်ပြီး (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် နံရံကပ်နှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုကြောင်း သိရသည်။
ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်တွင် “ချစ်ကြည်ခိုင်မြဲ ရွှေလက်တွဲ”ကဗျာ၊ “ပြည်ထောင်စုနေ့ တိုမမေ့”ဆောင်းပါး၊ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် အဆိုမိန့်ခွန်းများ၊ အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများပါဝင်ပြီး သုတစာအုပ်စုစုပေါင်း (၁၅၀)ကျော်ကို ခင်းကျင်းပြသထားကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)