ပူတာအိုမြို့၌ ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ပူတာအို ဖေဖော်ဝါရီ ၁၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်း(ပူတာအို)တို့ပူးပေါင်းမှုဖြင့် ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးခြင်းကို ဖေဖော်ဝါရီ(၈)ရက်နံနက်(၁၀) နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်၊ တွဲဘက်ဦးဆောင်ဆွေးနွေးသူအဖြစ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို)၏ လက်ထောက်နည်းပြ ဆရာမဒေါ်ဖြိုးမမသိန်းတို့က ဦးဆောင်ဆွေးနွေးကြသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းတွင် မဉမ္မာကျော်က “လူငယ်နှင့်ပညာရေး”ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ မစွဲ့ကျိုဝါက “လူငယ်နှင့်နည်းပညာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဒါမာဒွေ့က “လူငယ်နှင့်စာရိတ္တ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနွယ်နွယ်ထွန်းက “လူငယ်နှင့်ကျန်းမာရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဇော်မင်းနိုင်က “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်နောဖာဆာ “လူငယ်နှင့်အားကား” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးကြသည်။

ထို့နောက်အခမ်းအနားတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးချက်များ အပေါ်သိလိုသည်များကို မေးခွန်းမေးမြန်းဆွေးနွေးကြပြီး ဦးဆောင်ဆွေးနွေးသူများနှင့် သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားကာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို) ကျောင်းအုပ်ဆရာကြီး ဦးစိုင်းသန်းနိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဘုန်းလက်ရာသစ်