ပူတာအို ဖေဖော်ဝါရီ ၁၂
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့်အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက သတ်မှတ်နေရာအသီးသီး၌ကျင်းပသည်။
ရှေးဦးစွာ နံနက်(၅)နာရီခွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တန်းစီကွင်း၌ နိုင်ငံတော်အလံတင်အခမ်းအနားကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဂုဏ်ပြုတပ်ဖွဲ့၏ဦးဆောင်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေအဖွဲ့ဉက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက နိုင်ငံတော်အလံအားလွင့်ထူကြပြီး နိုင်ငံတော်အလံအားအလေးပြုကြသည်။
ဆက်လက်၍ နံနက်(၇)နာရီတွင် နိုင်ငံတော်အလံအလေးပြုခြင်းနှင့်သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ဦးဆောင်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ခရိုင်/မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲများ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နိုင်ငံတော်အလံအား အလေးပြုကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးထွန်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်အား ဖတ်ကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တာဝန်ခံများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် ကျင်းပခဲ့သော အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရကျောင်းသားကျောင်းသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နံနက်(၈)နာရီတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် အားကစားပြိုင်ပွဲများဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် မီတာ ၁၀၀(ကျား၊ မ)ပြိုင်ပွဲ၊ မီတာ ၂၀၀(ကျား၊ မ)ပြိုင်ပွဲ၊ အာလူးကောက်(ကျား၊ မ)ပြိုင်ပွဲ၊မီတာ ၅၀၀၀(မ)ပြိုင်ပွဲ၊ မီတာ ၁၀၀၀၀(ကျား)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဘုန်းလက်ရာသစ်