မုဒုံ ဖေဖော်ဝါရီ ၁၄
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က(၃)ကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့သိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားလာစေ၍ ဗလငါး တန်ဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားစေရန်နှင့် ပြင်ပစာပေများကိုဖတ်ရှု လေ့လာနိုင်စေရန်အတွက် လူငယ်စကားဝိုင်းကိုကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကိုစတင်ခဲ့ရာ Grade-10 မှ ကျောင်းသား၊ ကျောင်းသူများက ကြိုတင်ပြင်ဆင်အောင်ပွဲဝင်၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ယဥ်ကျေးသွင်ပြင် ဝတ်စားဆင်၊ လူငယ်နှင့်ကြီးပွားရေး ခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက အမေးအဖြေများဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)