မြစ်ကြီးနားတက္ကသိုလ်၌ ဂျူဒိုနှင့် ဝူရှူးအခြေခံသင်တန်းဖွင့်ပွဲကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၇

ကချင်ပြည်နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဂျူဒိုနှင့်ဝူရှူး အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားတက္ကသိုလ် အားကစားရုံ၌ ကျင်းပပြုလုပ်ရာ မြစ်ကြီးနား တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူက သင်တန်းများဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာက သင်တန်းစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်လက်ရွေးစင်များဖြစ်ကြသော မြစ်ကြီးနားတက္ကသိုလ် ဂျူဒိုနှင့်ဝူရှူးအသင်းမှ ကျောင်းသား/သူများက သရုပ်ပြသခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဂျူဒို/ဝူရှူးအခြေခံများသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသား/သူ (၁၀၀) ကျော် တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)