မိုးကောင်း ဖေဖော်ဝါရီ ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက်၏ (၂၃) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်တော်လောင်းလှူခြင်း ရေစက်ချတရားပွဲကို ရွာနာမ်စေတီဓမ္မာရုံ၌ ဖေဖော်ဝါရီ (၁၈) ရက် ညနေ (၃) နာရီတွင် ကျင်းပခဲ့သည်။
ဘုန်းတော်ကြီးကျောင်း (၂၅) ကျောင်းအား တစ်ကျောင်းလျှင်ငွေကျပ် (၅) သောင်းနှုန်းဖြင့် ငွေကျပ် (၁၂) သိန်း (၅) သောင်း၊ ဆန်တစ်အိတ် (၈) သောင်းကျပ်နှုန်းဖြင့် ဆန်အိတ် (၁၀၇) အိတ်၊ ဆီ (၃၀) ပိဿာ၊ ကြက်သွန် (၃၀) ပိဿာ၊ ကုလားပဲ (၃၀) ပိဿာနှင့် ဆား (၃၀) ပိဿာ စုစုပေါင်းတန်ဖိုးကျပ် (၁၀၉) သိန်းကျော်တို့ကို ရေစက်သွန်းချလောင်းလှူခြင်း ဖြစ်သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ရိပ်သာကျောင်းတိုက်ဆရာတော်ထံ ငါးပါးသီခံယူတည်ဆောက်ကာ လူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချလောင်းလှူခဲ့ကြသည်။
ရေစက်ချတရားပွဲသို့ ပင့်သံဃာတော်များနှင့် ရပ်ကွက်သူ/သားများနှင့် အလှူရှင်များ တက်ရောက်ပြီး အလှူရှင်များမှ အချိုရည်ဗူးများ ဝေငှပေးခဲ့သည်။
သန်းလွင်ဦး (ပြန်/ဆက်)