မိုးကောင်း ဖေဖော်ဝါရီ ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြိုနယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးဆောင်ရွက်ထားသော ဆီထွက်သီးနှံစိုက်ခင်းများအား ဖေဖော်ဝါရီ ၁၉ ရက်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ပင်းကျိုင်းကျေးရွာ အောင်ဇမ္ဗူစိုက်/ထွေသမအသင်းသား ဦးမျိုးဦး၏နေကြာစိုက်ခင်း(၃)ဧကနှင့် ပင်းဘောကျေးရွာအုပ်စု ရေတွင်းကုန်းကျေးရွာရှိ ဟိန်းဆန်း စိုက်/ထွေသမအသင်းသား ဦးမြင့်ဦး၏ နေကြာစိုက်ခင်း(၇)ဧကတို့အား ကွင်းဆင်းကြည့်ရှုပြီး ပြည်တွင်းစားသုံးဆီဖူလှုံရေးအတွက် ဆီထွက်သီးနှံများကို ယခင်နှစ်ထက်တိုးချဲ့စိုက်ပျိုးသွားနိုင်ရေး သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်မာသန်းမှ အသင်းသားတောင်သူများကို မှာကြားခဲ့သည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အခြေခံသမဝါယမအသင်း(၁၂)သင်းမှ တောင်သူ (၅၃၄)ဦးက စိုက်ဧက စုစုပေါင်း(၁၄၂၀ ဒဿမ ၄၂) ဧကတွင် ဆောင်းဆီထွက်သီးနှံနေကြာ၊ မြေပဲနှင့်နှမ်းများစိုက်ပျိုးထားရှိပြီး ၂၀၂၅ ခုနှစ် ဧပြီလအတွင်း ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)