မြစ်သား ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (မြစ်သား-စံပါယ်တောလမ်း)ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့မနက်ပိုင်းတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇေယျာဝင်း၊ ကျောက်ဆည်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ဒေါ်စန်းစန်းဝါ၊ မြို့နယ်တာဝန်ခံ ဒေါ်ခွာညိုဇင်အဖွဲ့နှင့် ကုမ္ပ ဏီမှတာဝန်ရှိသူများက (မြစ်သား-စံပါယ်တောလမ်း) ကတ္တရာလမ်း (၀/၃)မိုင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။ (မြစ်သား-စံပါယ်တောလမ်း) ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းတွင် လမ်းအရှည်(၀/၃)မိုင်၊ အကျယ်(၁၆)ပေ အမြင့် (၉)လက်မရှိ ကတ္တရာလမ်းကျောက်ချောခင်းခြင်းလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၁၁၇ ဒသမ ၁၅ ကျပ် သန်းဖြင့် နေဝန်းလ်ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာခိုင်နှုန်းအပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလမ်း(၀/၃)မိုင်ဆောင်ရွက်ပြီးစီးပြီဖြစ်ရာ အနီးအနားရှိ ကျေးရွာ (၈)ရွာမှအိမ်ခြေ ၃၇၉၈အိမ်၊ လူဦးရေ (၁၈၆၃၁) ဦးတို့လမ်းပန်းဆက်သွယ်ရေး အဆင်ပြေခဲ့ကြောင်း မြစ်သားမြို့နယ် မြို့နယ်တာဝန်ခံ ဒေါ်ခွာညိုဇင်ထံမှ သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)