ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ရန်ကုန် အရှေ့ပိုင်းခရိုင် တာဝန်ခံနှင့် ခရိုင်/မြို့နယ်/ရပ်၊ကျေးကော်မရှင်အဖွဲ့များ တွေ့ဆုံ

ဒေါပုံ   ဇန်နဝါရီ   ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊  ဒေါပုံမြို့နယ်၊ မြို့နယ်သမဦးစီးဌာန (ရွှေယမုံခန်းမ)၌ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ရန်ကုန် အရှေ့ပိုင်း ခရိုင်တာဝန်ခံနှင့် ခရိုင်/မြို့နယ်/ရပ်ကျေးကော်မရှင် အဖွဲ့များ တွေ့ဆုံပွဲကို ယနေ့ နံနက် (၁၀) နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင် ရန်ကုန် အရှေ့ပိုင်း ခရိုင်တာဝန်ခံ ဦးတင်ရှိန်မှ အဖွင့်အမှာစကား ပြောကြား၍ ရန်ကုန် အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ဉက္ကဋ္ဌ ဒေါက်တာကျော်စိုးဝင်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ စံသတ်မှတ်ချက်(၅) ချက်နှင့် အညီ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ရန် ဆွေးနွေးပြီး ဒေါပုံမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးမျိုးစန်းမှ ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲကို   ဒေါပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ ၊ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ (၇၅) ဦး တက်ရောက် ကြောင်းသိရသည်။

သဲစုစုလွင်