ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ သတ်မှတ်လမ်းနယ်နိမိတ်အတွင်း ကျရောက်မှုမရှိစေရေး၊ သတ်မှတ်ချက်နှင့်အညီ ဖြစ်စေရေး မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီအရောင်ဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၆

ကချင်ပြည်နယ်အတွင်း ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ သတ်မှတ်လမ်းနယ်နမိတ်အတွင်း ကျရောက်မှုမရှိစေရေးနှင့် သတ်မှတ်ချက်နှင့်အညီ ကြီးကြပ်စစ်ဆေးနိုင်ရေးအတွက် မြစ်ကြီးနားမြို့ ပေါ်ရှိ ရေနံထွက်ပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့် ‌ကြီးကြပ်မှုဆပ်ကော်မတီအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ရေနံထွက်ပစ္စည်း အရောင်းဆိုင်များသတ်မှတ်လမ်း နယ်နမိတ်အတွင်း ကျရောက်မှုမရှိစေရေးနှင့် သတ်မှတ်ချက်နှင့် အညီဖြစ်စေရေး ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံ ဇာတရေးရာဝန်ကြီးက မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ သိုလှောင်ဖြန့်ဖြူးရေးဌာနရုံး၌ ပြည်နယ်ကြီး ကြပ်မှုဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ရေနံထွက်ပစ္စည်းအရောင်းဆိုင်များအား သတ်မှတ်ချက်နှင့်အညီဖြစ်စေရေး လမ်းနယ်နမိတ်နှင့် လွတ်ကင်းမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပူးပေါင်းစစ်ဆေး ဆောင်ရွက်သွားရေး ပြောကြားပြီး ပြည်နယ်အဆင့် ကြီးကြပ်မှုဆပ်ကော်မတီအဖွဲ့ဝင်များက မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေမှု အခြေအနေများနှင့် သတ်မှတ်ချက်နှင့်အညီ ပြုပြင်ဖယ်ရှားနိုင်ရေး သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အကြောင်းကြား/ စိစစ်တင်ပြဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်အတွင်းရှိ ထူးနှင့် Asia Energy စက်သုံးဆီဆိုင်အား လည်းကောင်း၊ ရမ်ပူရပ်ကွက်အတွင်းရှိ Nine Star စက်သုံးဆီဆိုင်အားလည်းကောင်း၊ မြို့သစ်ကြီးရပ်ကွက်အတွင်းရှိ TOP စက်သုံးဆီဆိုင်၊ မနောရွှေမြေနှင့် ရွှေနန်းစက်သုံးဆီဆိုင်များအား လည်းကောင်း၊ ခေမာသီရိရပ်ကွက်အတွင်းရှိ တိုင်းကျော် စက်သုံးဆီဆိုင်အားလည်းကောင်း လမ်းနယ်နမိတ်နှင့် လွတ်ကင်းမှုရှိ/ မရှိ၊ သတ်မှတ်ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်မှု ရှိ/မရှိ လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)