လှိုင်းဘွဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/သူ(၃၅၀၉)ဦး ဝင်ရောက်ဖြေဆိုမည်

လှိုင်းဘွဲ ဖေဖော်ဝါရီ ၂၂

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀ပြည့်နှစ် မတ်လ(၁၁) ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ လှိုင်းဘွဲမြို့နယ် အတွင်း စာစစ်ဌာန(၁၁)ခု ၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ(၃၅၀၉)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရာတွင် လှိုင်းဘွဲမြို့ အ.ထ.က ကျောင်း၌(၄၁၃)ဦး၊ ထီလုံ ကျေးရွာအ.ထ.ကကျောင်း၌(၃၂၄)ဦး၊ ရွေဂွန်းကျေးရွာ အ.ထ.ကကျောင်း၌(၈၄၀)ဦး၊ နောင်ဘိုကြီး ကျေးရွာ အ.ထ.ကကျောင်း၌(၄၁၉)ဦးကပ္ပလီကျေးရွာ အ.ထ.ကကျောင်း၌(၃၃၁)ဦး၊ မြိုင်ကြီးသူ အ.ထ.ကကျောင်း၌ (၃၀၅)ဦး၊ ဒေါ်လန်းကျေးရွာ အ.ထ.ကကျောင်း၌(၁၆၅)ဦး၊ ပိုင်ကျုံမြို့ အ.ထ.ကကျောင်း၌(၁၉၄)ဦး၊ ပေါင်ကျေးရွာ အ.ထ.ကကျောင်း၌(၁၀၅)ဦး၊ လှိုင်းဘွဲမြို့ အ.ထ.က(ခွဲ) ကျောင်း၌ (၂၃၄)ဦး နှင့် ဒိုင်းပြကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌(၁၇၉)ဦး စုစုပေါင်း (၃၅၀၉)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)