ဟားခါး ဖေဖော်ဝါရီ ၂၈
ချင်းပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျင်းပသည့် အခမ်းအနားသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် လူ (၁) ဦးလျှင် တစ်လငွေကျပ် ၂၀,၀၀၀/− နှုန်းဖြင့် ချင်းပြည်နယ်အတွင်းရှိ အခြားမြို့နယ်များမှ ဟားခါးမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူ (၃၅၇၉)ဦး အတွက် ကျပ်သန်းပေါင်း ၇၁ ဒသမ ၅၈၀ သန်း ထောက်ပံ့ပေးအပ်ခြင်းနှင့် ၂၀၂၄ ခုနှစ်မေလကုန်တွင် တင်ပြထားသော ထန်တလန်မြို့နယ်မှ ယာယီနေရပ်စွန့်ခွာ (၉၁၄) ဦး၊ ပလက်ဝမြို့နယ်မှ (၆၃) ဦး စုစုပေါင်း (၉၇၇)ဦးတို့အား APTERR အစီအစဉ်ဖြင့် ကိုးရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန် ၆ ဒသမ ၈၄ တန် ( ၄၀ ) ကီလိုပါ (၁၇၁) အိတ်အား တိုက်ပွဲရှောင် လက်ဝယ် အရောက် ပေးအပ်သည့် အခမ်းအနားဖြစ်ပါကြောင်း ၊ ယခုပေးအပ်သည့် ထောက်ပံ့ငွေများသည် ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၁) လအတွက်ဖြစ်ပြီး ဖေဖော်ဝါရီလနှင့် မတ်လအတွက် ထောက်ပံ့ငွေများကို ဧပြီလတွင် ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် နေရပ်စွန်ခွာပြီး ယာယီနေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်ကြရသော ပြည်သူများအား နိုင်ငံတော်မှထောက်ပံ့ပေးအပ်ငွေများ ရရှိနိုင်ရေးအတွက် စာရင်းကောက်ယူပြီး သတ်မှတ်ပုံစံ များအတိုင်းပြုစုတင်ပြရန်နှင့် ထောက်ပံ့ပေးအပ်ငွေများအား ယာယီနေရပ်စွန့်ခွာပြည်သူ တစ်ဦးချင်းလက်ဝယ်အရောက် ထောက်ပံ့ငွေလက်ခံရရှိသည့်ပြေစာများဖြင့် ပေးအပ်ရန် လိုအပ်မည်ဖြစ်ပြီး စာရင်းစစ်ဆေးခံနိုင်ရေးအတွက် ဓာတ်ပုံမှတ်တမ်းအထောက်အထားများကို စနစ်တကျ ပြုစုထိန်းသိမ်းထားရန်လိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ဖလမ်းမြို့နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူ (၂၀၉၀) ဦးအတွက် ထောက်ပံ့ငွေကျပ် ၄၁,၈၀၀,၀၀၀/−နှင့် ထန်တလန်မြို့နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူ (၉၁၄) ဦးအတွက် (၄၀) ကီလိုပါ ဆန်အိတ် (၁၆၀)အိတ်အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ကလည်းကောင်း၊ ထန်တလန်မြို့နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူ ( ၉၉၆ ) ဦးအတွက် ထောက်ပံ့ငွေ ၁၉,၉၂၀,၀၀၀/− အား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုးကလည်းကောင်း၊ ပလက်ဝမြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူ (၃၃၁) ဦးအတွက် ထောက်ပံ့ ငွေကျပ် ၆,၆၂၀,၀၀၀/−အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး သိန်းထွန်းအောင်က လည်းကောင်း၊ ပလက်ဝမြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူ (၆၃) ဦးအတွက် (၄၀) ကီလိုပါ ဆန်အိတ် (၁၁) အိတ်အား သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းကလည်းကောင်း၊ မတူပီမြို့နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူ (၉၄)ဦးအတွက် ထောက်ပံ့ငွေကျပ် ၁,၈၈၀,၀၀၀/− အား လူမှုရေးရာ ဝန်ကြီး ဦးဝင်းဇော်ဦးကလည်းကောင်း၊ ကန်ပက်လက်မြို့နယ်မှယာယီနေရပ်စွန့်ခွာပြည်သူ (၂၄) ဦးအတွက် ထောက်ပံ့ငွေကျပ် ၄၈၀,၀၀၀/− အား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက လည်းကောင်း၊ ဟားခါးမြို့နယ် ဆူရ်ခွါးမြို့မှ ယာယီနေရပ်စွန့်ခွာပြည်သူ (၂၄) ဦးအတွက် ထောက်ပံ့ ငွေကျပ် ၄၈၀,၀၀၀/− အား ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်ကလည်းကောင်း၊ တွန်းဇံမြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူ (၁၆) ဦးအတွက် ထောက်ပံ့ငွေကျပ် ၃၂၀,၀၀၀/− အား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းဌေးကလည်းကောင်း၊ မင်းတပ်မြို့နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူ(၄) ဦး အတွက် ထောက်ပံ့ငွေကျပ် ၈၀,၀၀၀/− အား စစ်ဗျူဟာ(အခြေချ) ဟားခါးမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းကလည်းကောင်း ပေးအပ်ကြပြီး သက်ဆိုင်ရာမြို့နယ်များကိုယ်စား ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးစီက လက်ခံရယူကြကာ ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးချင်းထံသို့ ထောက်ပံ့ငွေများ ထုတ်ပေးနေမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)