မြစ်ကြီးနား မတ် ၁
ကချင်ပြည်နယ်၏ ဂျူဒိုနှင့်ဝူရှူး အားကစားနည်းများ အောင်မြင်မှုရရှိစေရန်နှင့် မျိုးဆက်သစ်များ မပြတ်စေရန်ရည်ရွယ်ဖွင့်လှစ်ခဲ့သော ဂျူဒိုနှင့်ဝူရှူး အခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားတက္ကသိုလ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂျူဒိုနှင့်ဝူရှူးနည်းပြဆရာများအား ဂုဏ်ပြုချီးမြှင့်ငွေများ၊ သင်တန်းသား/ သူများအား သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများ၊ သင်တန်းတက်မှန် ဂုဏ်ပြုဆုများနှင့် အားကစားတီရှပ်အင်္ကျီများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ဂျူဒို/ ဝူရှူး သင်တန်းသား/ သင်တန်းသူများက သရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ကြကာ “ဂုဏ်ယူဝင့်ကြွား ကချင်ပြည်နယ်သား” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ (၁၅) ရက်ကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းသား /သူ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်