ထန်းတပင်(ပဲခူး) မတ် ၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအခြေခံ အားကစားသင်တန်းကို မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ယနေ့နံနက် ၇ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းစသည့် အားကစားနည်းများကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် မြို့နယ်အတွင်း အားကစားသမားကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းကို မတ်လ ၁ ရက်နေ့မှ ၁၅ ရက် နေ့အထိ နံနက် ၇ နာရီမှ ၉ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)