တနိုင်းမြို့၊ ဟူးကောင်းခန်းမ၌ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်အခက်အခဲများ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ကျင်းပ

တနိုင်း မတ် ၃

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် မတ်လ (၃) ရက်နေ့ နံနက် (၉) နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ တနိုင်းမြို့၊ ဟူးကောင်းခန်းမ၌ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်အခက်အခဲများ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးအောင်စိုးက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နေကြ တောင်သူဦးကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များမှ အုပ်စု (က) ၊ အုပ်စု (ခ) ၊ အုပ်စု (ဂ) အစရှိသဖြင့် (၃) အုပ်စုခွဲကာ ဆွေးနွေးပွဲကို တက်ညီလက်ညီ လုပ်ဆောင်ခဲ့ကြပြီး ဆွေးနွေးပွဲရလဒ်များကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အတည်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တောင်သူဦးကြီးများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြောင်း သိရသည်။

​နေလင်းထူး (ပြန်/ဆက်)