ပူတာအို မတ် ၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5) နှင့် အလယ်တန်းအဆင့် (Grade-9) အတန်းတင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို မတ် (၃) ရက် နံနက်ပိုင်းမှစတင်၍ သတ်မှတ်နေရာစာစစ်ဌာနများတွင် စတင်ဖြေဆိုကြသည်။
ပူတာအိုမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် (Grade-5) စာမေးပွဲဖြေဆိုရန်စာရင်းရှိ (၁၇၁၇) ဦး ရှိသည့်အနက် စာမေးပွဲဝင်ရောက်ဖြေဆိုသူစုစုပေါင်း (၁၇၀၁) ဦးရှိသည့်အတွက် ၉၉.၀၇ရာခိုင်နှုန်း၊ အခြေခံပညာအလယ်တန်းအဆင့် (Grade-9) စာမေးပွဲတွင် စာမေးပွဲဖြေဆိုရန်စာရင်းရှိ (၁၄၂၀) ဦးရှိသည့်အနက် စာမေးပွဲဝင်ရောက်ဖြေဆိုသူ (၁၃၆၇) ဦးရှိသည့်အတွက် (၉၆.၂၇) ရာခိုင်နှုန်းဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပူတာအိုမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် (Grade-5) အား စာစစ်ဌာန (၂၅) ခုနှင့်အခြေခံ ပညာအလယ်တန်းအဆင့် (Grade-9) အား စာစစ်ဌာန (၁၉) ခုဖြင့် စာမေးပွဲစစ်ဆေးလျက်ရှိပြီး အဆိုပါစာမေးပွဲသို့ အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်ကျောင်းပေါင်း (၈၄) ကျောင်းမှ ကျောင်းသူ ကျောင်းသားများ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဖုန်ကန် (ပူတာအို)