ရွှေကူ မတ် ၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်ကလေးကျန်းမာရေးဌာန၌ (၅)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီခွဲခန့်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွေးကင်းစကလေးအရွယ်မှစ၍ ကလေးငယ်များ အာဟာရချို့တဲ့မှုများမှကင်းဝေးပြီး အာဟာရပြည့်ဝ၍ ကိုယ်ခန္ဓာဖွံ့ဖြိုးကာ ကျန်းမာသန်စွမ်း ဉာဏ်ရည်ဖွံ့ဖြိုးသည့် လူသားအရင်းအမြစ်များအတွက် လစဉ်ပုံမှန်ကာကွယ်ဆေးများထိုးနှံခြင်း၊ ဗီတာမင်အေနှင့် သန်ချဆေးများကို ပုံမှန်တိုက်ကျွေးရန်လိုအပ်ပါသည်။
ရွှေကူမြို့နယ်အတွင်း လမ်းဆက်သွယ်ရေးအခြေအနေများကြောင့် ကာကွယ်ဆေးသယ်ယူရန်ခက်ခဲမှုများ၊ လိုအပ်သည့်အအေးခန်းအတွင်းဆေးများ သိမ်းဆည်းထားသိုမှုလိုအပ်ချက်များရှိခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးများအား ပုံမှန်ကာကွယ်ဆေးများထိုးနှံရန် နှောင့်နှေးမှုများရှိခဲ့ရပြီး ယနေ့တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ကာကွယ်ဆေးများထိုးနှံပေးခြင်းအပေါ် ပြည်သူများ ဝမ်းသာပျော်ရွှင်ကျေးဇူးတင်စွာဖြင့် ကာကွယ်ဆေးများ လာရောက်ထိုးနှံတိုက်ကျွေးကြကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)