ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ပူတာအိုမြို့၌ စည်ပင်သာယာရေးအဖွဲ့များနှင့် တွေ့ဆုံပြီး မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ပူတာအို မတ် ၅

ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပူတာအိုမြို့ သန့်ရှင်းသာယာလှပရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အတွက် စည်ပင်သာယာရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်နိုင်ရေးအတွက် မတ် ၄ ရက် ညနေပိုင်းက ပူတာအိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးက ပူတာအိုမြို့သည် မြန်မာပြည်မြောက်ဖျားတွင် တည် ရှိသဖြင့် သန့်ရှင်းသာယာလှပသော မြို့တစ်မြို့ဖြစ်သည်နှင့်အညီ စည်ပင်သာယာရေးဝန်ထမ်းများ အနေဖြင့် မြို့ပြစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ သန့်ရှင်းသာယာပြီး စိမ်းလန်းစိုပြည်စေရေး၊ မြို့တွင်းလမ်း၊ တံတားနှင့် ရေပေးဝေရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း၊ အခွန်အခများ ကောက်ခံရရှိရေး စသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာနှစ်အလိုက် အချိန်မီပြီးစီးအောင်ဆောင်ရွက်ရေး ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာ၊ ပျော်ရွှင်စွာဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ နေထိုင်ကျင့်ကြံလုပ်ကိုင်ကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပူတာအိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ အင်ဂျင်နီယာများနှင့် အရာထမ်း/ အမှုထမ်းဝန်ထမ်းများက ဘဏ္ဍာနှစ်အလိုက် စည်ပင် သာယာရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု/ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်းကို ချီးမြှင့်ခဲ့ကြကြောင်း သိရ သည်။

ပြည်နယ်ပြန်/ဆက်