မြစ်ကြီးနားမြို့ Light For All Nations Ministry ကျောင်း၌ ကလေးသင်တန်းဆင်းပွဲအဖြစ် စာပေအသိပညာပေး‌ဟောပြောပွဲကျင်းပ

မြစ်ကြီးနား မတ် ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက် Light For All Nations Ministry ကျောင်းရှိ သင်တန်းခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲက ကလေးသင်တန်းဆင်းပွဲအဖြစ် စာပေအသိ ပညာပေးဟောပြောပွဲကျင်းပရာ ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒေါ်အိအိအေး ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးအောင်သူက “လူငယ်ဘဝတိုးတက်မြင့်မားရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာအကြီးကိုကို (ကသာ) “ပထမတန်းစားလူ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြရာ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။

ယင်းနောက် ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အဆိုပါကျောင်းအတွက် အားကစားပစ္စည်းများကိုလည်းကောင်း၊ စာရေးဆရာအကြီးကိုကို (ကသာ) က ငွေကျပ်တန်းဖိုး (၂) သိန်းရှိ သုတရသစာအုပ်စာစောင်များကိုလည်းကောင်း လှူဒါန်းပေးအပ်ခဲ့ကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)