၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲနှင့် အားကစား၊ ဓာတ်ပုံအလှပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဟားခါး မတ် ၈

ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျင်းပပြုလုပ်သော (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲနှင့် အားကစား၊ ဓာတ်ပုံအလှပြိုင်ပွဲများတွင် ဆုရရှိသူများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ဟားခါးတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာရခြင်းအကြောင်းနှင့်ပတ်သက်သည့် ဗဟုသုတများသိရှိနားလည်စေရန်၊ ဉာဏပညာအစွမ်းဖြင့် သရုပ်ဖော်စွမ်းရည်များကိုရရှိစေရန်၊ အမျိုးသားစိတ်ဓာတ်ကို ချစ်မြတ်နိုးပြီး အမျိုးဂုဏ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြိုုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲနှင့် အားကစား၊ ဓာတ်ပုံအလှပြိုင်ပွဲများတွင် ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ၊ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီ၊ ပြည်နယ်ပညာရေးမှူးရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့မှ ပြည်နယ်တာဝန်ခံများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးတို့က ဆုများ ပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသူများက ဆုများလက်ခံရယူခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေးဆပ်ကော်မတီဝင်များ၊ ဆရာ၊ ဆရာမများ ၊ ပြိုင်ပွဲအလိုက် ဆုရရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)