မိုးညှင်း မတ် ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို သတ်မှတ်စာစစ်ဌာနအသီးသီး၌ ကျင်းပမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ(၃၁၆၇)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်(၁၇)ရက်မှ (၂၂)ရက်အထိ ကျင်းပမည်ဖြစ်ရာ မိုးညှင်းခရိုင်တွင် မြို့နယ်သုံးမြို့နယ်ရှိ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများမှာ မိုးညှင်းမြို့နယ်တွင် (၁၆၇၄)ဦး၊ မိုးကောင်းမြို့နယ်တွင် (၉၈၃)ဦးနှင့် ဖားကန့်မြို့နယ်တွင် (၅၁၀)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၁၆၇)ဦးတို့ ဝင်ရောက်ဖြေဆိုသွားကြမည်ဖြစ်ကြာင်း ခရိုင်ပညာရေးမှူးရုံးမှ ခရိုင်တာဝန်ခံ ဆရာကြီး ဦးတိုးအောင်ထံမှ သိရသည်။
ရွှေမိုးညှင်း