ဟားခါး မတ် ၁၁
၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ( ၁/၂၀၂၅ )ကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင် စွာကျင်းပနိုင်ရေးဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မြန်မာ့ ရိုးရာမဟာသင်္ကြန်ပွဲတော်ကို UNESCO ၏ လူသားမျိုးနွယ်နှင့်သက်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်စာရင်းဝင်အဖြစ် အတည်ပြုခြင်းခံရသည့်ပွဲတော်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုနှစ်ကျင်းပပြုလုပ်မည့် မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များထက် ပိုမိုအနှစ်သာရပြည့်ဝစွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မဟာင်္ကြန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများ ဖွဲ့စည်း ထားပြီးဖြစ်သကဲ့သို့ လုပ်ငန်းတာဝန်များလည်း သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ဆပ်ကော်မတီ အလိုက် ရန်ပုံငွေများသုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ သုံးစွဲသွားမည်ဖြစ်ကြောင်းနှင့် အသုံးစရိတ်သုံးစွဲမှုအစီရင်ခံစာတင်ပြရာတွင်လည်း ဆယ်တင်နိုင်သည့်ပစ္စည်းနှင့် ဆယ်တင်၍ မရသည့်ပစ္စည်းများဟူ၍ ဖော်ပြစေလိုပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများမှ အစွမ်းကုန်ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားပြီး အစည်းအဝေးတက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ(၁၁)ခုမှ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက်ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များ၊ ယခင်နှစ်အတွေ့အကြံနှင့် ဆွေးနွေးဆုံးဖြတ်ပေးရမည့်အချက်များကို ရှင်းလင်းတင်ပြကြသည်။
လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးဦးကျော်ငြိမ်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေလင်းအောင်နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှတို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)