ပူတာအိုခရိုင်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို

ပူတာအို မတ် ၁၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်း မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပူတာအိုခရိုင်တွင် စာစစ်ဌာန(၃)ခုတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ပူတာအိုစာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန်စာရင်းရှိ (၅၇၂)ဦးအနက် ဖြေဆိုသူ(၅၅၄)ဦး ဖြေဆိုသဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၉၆ ဒသမ ၈၅ ရာခိုင်နှုန်း၊ မချမ်းဘောစာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန် စာရင်းရှိ(၅၈)ဦးအနက် ဖြေဆိုသူ(၅၁)ဦးဖြေဆိုသဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၈၇ ဒသမ ၉၃ ရာခိုင်နှုန်း၊ နောင်မွန်စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန် စာရင်းရှိ(၄၂)ဦးအနက် ဖြေဆိုသူ(၄၂)ဦးဖြေဆိုသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်း(၁၀၀)ရာခိုင်နှုန်းဖြစ်ပြီး ပူတာအိုခရိုင်အနေဖြင့် စာမေးပွဲဖြေဆိုရန်စာရင်းရှိ (၆၇၂)ဦးအနက် ဖြေဆိုသူ(၆၄၇)ဦး ဖြေဆိုသဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၆ ဒသမ ၂၈ ရာခိုင်နှုန်း ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲဖြေဆိုရာသို့ ပူတာအိုတပ်နယ်မှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ ဦးကျော်ကျော်လွင်၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)