မိုးကောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို

မိုးကောင်း မတ် ၁၈

နိုင်ငံတစ်ဝန်းလုံး၌ ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်တွင် စတင်ဖြေဆိုပြီဖြစ်ရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်လည်း ယမန်နေ့ နံနက်(၉)နာရီတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုးကောင်းမြို့နယ်တွင် အ.ထ.က(၁)စာစစ်ဌာန၊ အထက-နမ္မတီးနှင့် အ.ထ.က-ပင်းဘောစာစစ်ဌာနတို့ဖြင့် စာရင်းရှိ ကျောင်းသား(၃၇၈)ဦး၊ ကျောင်းသူ(၆၀၅)ဦး စုစုပေါင်း(၉၈၃)ဦးအနက် ဖြေဆိုသူ ကျောင်းသား(၃၆၄)ဦး၊ ကျောင်းသူ(၅၉၃)ဦး စုစုပေါင်း(၉၅၇)ဦး ဝင်ရောက်ဖြေဆိုရာ ဖြေဆိုမှု ရာခိုင်နှုန်း ၉၇ ဒဿမ ၃၆ ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြီးကြပ်ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ထို့အပြင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှုခံယူသော ကျောင်းသူ(၁)ဦး အတွက် ဆေးရုံစာဖြေဌာန(၁)ခုကို မိုးကောင်းဆေးရုံ၌ စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)