ပိုင်ကျုံမြို့တွင် ကျောင်းသား/ကျောင်းသူ (၈၂၅)ဦး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည်

ပိုင်ကျုံ    ဖေဖော်ဝါရီ   ၂၂

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၁၁ ရက်နေ့မှ စတင်၍    မတ်လ ၂ဝ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ရာ ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူများအတွက် ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် စာစစ်ဌာန(၄)ခုရှိပြီး (အ.ထ.က)ပိုင်ကျုံတွင်(၁၉၄)ဦး၊ (အ.ထ.က)နောင်ဘိုကြီးတွင် (၄၁၉)ဦး၊ (အ.ထ.က) ပေါင်တွင် (၁၀၅)ဦး၊ (အ.ထ.က)ဒေါ်လန်းတွင် (၁၀၇)ဦး၊ စုစုပေါင်း (၈၂၅)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်းနှင့် စာမေးပွဲဖြေဆိုစဉ် ကာလ အတွင်း အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)