မြစ်ကြီးနား မတ် ၁၈
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီက ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၃၂၃၆)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြစ်ကြီးနားမြို့နယ်အတွင်း စာစစ်ဌာန(၅)ခုဖြင့် ကျင်းပဖြေဆိုလျက်ရှိပြီး ဝင်ရောက်ဖြေဆိုရန်စာရင်းရှိဦးရေ စုစုပေါင်း (၃၃၁၄)ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၃၂၃၆)ဦးရှိပြီး ပျက်ကွက်သူ စုစုပေါင်း (၇၈)ဦး၊ ဖြေဆိုမှု ရာခိုင်နှုန်း (၉၇.၆၅) ရှိကြောင်း သတင်းရရှိသည်။
အဆိုပါတက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ ဖြေဆိုနိုင်စေရေး အတွက် စာစစ်ဌာနများတွင် လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးအဖွဲ့ဝင်များနှင့် စာမေးပွဲကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်ကူညီဆောင်ရွက်ပေးမှုဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)