မိုးညှင်းမြို့နယ်၌ ဒုတိယနေ့(အင်္ဂလိပ်စာဘာသာရပ်) လာရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ(၁၆၄၀)ဦးရှိပြီး မိုးညှင်းဗဟိုအကျဉ်းထောင်မှ ပြင်ပဖြေဆိုသူ နှစ်ဦးပါဝင်

မိုးညှင်း မတ် ၁၉

ကချင်ပြည်နယ်မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ စာစစ်ဌာနသုံးခုတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ Grade-12 ဒုတိယနေ့ (အင်္ဂလိပ်စာဘာသာရပ်)ကို ယမန်နေ့နံနက်(၉)နာရီမှ စတင်၍ မိုးညှင်းဗဟိုအကျဉ်းထောင်မှ ပြင်ပဖြေဆိုသူ နှစ်ဦးအပါအဝင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၆၄၀)ဦးရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသော စာစစ်ဌာနသုံးခု၌ အထက-၁(မိုးညှင်း) စာစစ်ဌာနတွင် ကျောင်သားကျောင်းသူ (၉၃၈)ဦး၊ အထက(ဟိုပင်)စာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ (၃၉၆)ဦးနှင့် အ.ထ.က(အင်းတော်ကြီး)စာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ (၃၀၆)ဦး ဖြေဆိုသူ ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၆၄၀)ဦး၊ ပျက်ကွက်သူ (၃၄)ဦးရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၉၇)ဒဿမ (၉၇)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ဖြေဆိုကြရာတွင် ကျောင်းသားကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အပြင်စည်းလုံခြုံရေးအနေဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးအဖွဲ့များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များနှင့် ကျောင်းကော်မတီမှ တာဝန်ရှိသူများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း